စေတုတ္တရာမြို့၌ စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

စေတုတ္တရာ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၌ စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးအစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်မှ သဘာပတိဦးမိုးတင်နှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်တို့က အမှာစကားပြောကြားသည်။ ထို့နောက် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏(၁-၄-၂၀၂၄)မှ (၃၁-၃-၂၀၂၅)နေ့ထိ (၁၂)လနှစ်ချုပ်အတွက် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်စဉ်များ၊ အရှုံးအမြတ်စာရင်းအမြတ်ခွဲဝေစာရင်း၊ ဘဏ္ဍာရေးအခြေပြလက်ကျန်ရှင်းတမ်းများကို တာဝန်ရှိသူများက ရှင်းလင်းဖတ်ကြားခဲ့သည်။ ယင်းနောက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အသင်းဝင် ကိုယ်စားလှယ်များ၏ ဆန္ဒရယူ၍ သဘာပတိမှအတည်ပြုခဲ့သည်။

ဆက်လက်၍ စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းဝင်များ၏ စုဆောင်းငွေအပေါ်အတိုးချီးမြှင့်ငွေများကို ပေးသဘာကတိအပ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့သည်။ ထို့အတူ စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အသင်းဝင်များ၏ သားသမီးများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ကို တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇာဇာငြိမ်း (ပြန်/ဆက်)