ဒေးဒရဲမြို့နယ်မှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့ရောင်းခြင်းအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ သြဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သည် ဆန်စပါးအား အဓိကစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်စပါးတင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယ​​နေ့နံနက် (၁၀) နာရီက ဒေးဒရဲမြို့နယ် ဘုရားကလေးကွင်းကျေးရွာမှ မြိတ်မြို့သို့ ဧည့်မထဆန်များ တင်ပို့လျက်ရှိသည့်လုပ်ငန်းများအား မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ဒေးဒရဲမြို့မှ မြိတ်မြို့သို့ ဆန်တင်ပို့လျက်ရှိသည့် ဘုရားကလေးကွင်းကျေးရွာ ဆန်းလှဝေဆန်စက်မှ ဧည့်မထဆန်အိတ်များ ရေယာဥ်ပေါ်သို့  တင်ဆောင်ထားရှိမှု၊ ရေယာဉ်ကြံ့ခိုင်မှုနှင့် လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ခြင်း၊ ဆန်များသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့်အညီ ညီညွတ်မှုမရှိသည့်ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)