နတ်မောက် ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမင်းဆွေက ကျောင်းသား/သူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြုရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်မှုများ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့် အချက်များ၊ လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနမှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယို ကလစ်ပြသပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း