နတ်မောက် ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့အဝင်ဂိတ်များတွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ နတ်မောက်မြို့အတွင်း ဝင်ရောက်လာသည့် ကားကြီး၊ ကားငယ်၊ မော်တော်ယာဉ်များအား မြို့ဝင်ကြေးဘီးခွန်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ ကောက်ခံလျက်ရှိကြောင်း သိရသည်။
လှဝင်း