မြန်အောင် ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ ၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် စံပြမိခင်ပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်က မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်ချက်များအား အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်းက မိခင်နို့စနစ်တကျတိုက်ကျွေးရေး နည်းလမ်းများ၊ ဆောင်ရန် ရှောင်ရန်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား နွားနို့အာဟာရတိုက်ကျွေးခဲ့ပြီး စံပြမိခင်ဆုရရှိကြသူများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်းတို့မှ ကြက်ဥနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဝင်းဗိုလ်မြန်အောင်(ပြန်/ဆက်)