ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖိုကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

ငပုတော ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စမ်းချောင်းစဉ့်အိုးဖို‌ကျောင်း၌ ကျောင်းကောင်းစီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ည‌နေပိုင်းက ကျောင်းအားကစားဘောလုံးပြိုင်ပွဲကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာစစ်ကြောင်းမှူးက ဦးဆောင်၍ ကျောင်းကောင်စီအသင်း(၅)သင်းမှ အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး‌ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအားကစားပြိုင်ပွဲသည် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန် အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ဆောင်ရွက်ရန်နှင့် ကျန်းမာသန်စွမ်းသော အားကစားသမားကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး စစ်ကြောင်းမှူးက ဦးဆောင်ပြီး အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီး ပထမပွဲစဉ်ယှဉ်ပြိုင်ကစား‌နေမှုများကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ