ငပုတော သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သော်ကကွင်းကျေးရွာ သော်ကကျောင်းတိုက်ဓမ္မာရုံတွင် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို တာဝန်ရှိသူများက ဖဒိုးမှုတ်၍ ဖားစည်တီးကာအခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် သော်ကကွင်း ကျောင်းတိုက်ဆရာတော်က ဆုံးမသြဝါဒ အမှာစကားမိန့်ကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကရင်စာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌက အားပေးစကားများကို လည်ကောင်း၊ သော်ကကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးကကျေးဇူးတင်စကားများကိုလည်းကောင်း၊ မြို့နယ်ကရင်စာပေနှင့် ယဥ်ကျေးမှုအသင်း သင်တန်းမှူးဆရာကြီးက ကရင်စာပေယဥ်ကျေးမှုနှင့် ပတ်သက်သောအကြောင်းအရာများကိုလည်းကောင်း၊ ချည်ဖြူဖွဲ့ရခြင်းအကြောင်းတိုးကို အသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီးအခမ်းအနား ဒုတိယပိုင်းကျင်းပရာ အစုကြီးကျေးရွာ ပန်းခရေဒုံးအဖွဲ့မှ ကြိုဆိုကပြ ဖျော်ဖြေခြင်း၊ တာဝန်ရှိသူများပါဝင်သောပန်းဖလားအဖွဲ့၊ ပဒိုးအဖွဲ့၊ အလံကိုင်အဖွဲ့များက ချည်ဖြူဖွဲ့မည့်ပစ္စည်းများအား သယ်ဆောင်ပြီးအဘိုး၊ အဘွားများက ချည်ဖြူဖွဲ့မည့်နေရာသို့ရေက်ရှိသည့် အခါ၎င်းတို့မှဦးဆောင်၍ တက်ရောက်လာသူများအား ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)