လွိုင်ကော်မြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

လွိုင်ကော် ဇူလိုင် ၂၅

ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ပူးပေါင်း၍ “စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်​ရေး လက်တွေ့သရုပ်ပြခြင်း” အခမ်းအနားကို ဇူလိုင် ၂၃ ရက်နေ့နံနက်က လွိုင်​ကော်မြို့မရဲစခန်း အစည်းအ​ဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကယားပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ထွန်း​အောင်က အမှိုက်ခွဲခြားစွန့်ပစ်ရန် အရောင်ခွဲခြားသတ်မှတ်ထားသည့် အမှိုက်ပုံးအမျိုးအစားများ ခွဲခြားစွန့်ပစ်ရမည့် အမှိုက်အမျိုးအစားများအား Power Point ဖြင့် ရှင်းလင်း​ပြောကြားခဲ့ပြီး ကယားပြည်နယ်ရဲတပ်ဖွဲ့မှူး ပြည်နယ်ရဲမှူးကြီး​မောင်​မောင်ဦးက အမှိုက်ပုံးများ​ပေးအပ်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သတ်မှတ်အမှိုက်ပုံး အရောင်များအလိုက် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းများကို  လက်တွေ့ပါဝင်ဆောင်ရွက်​စေခြင်း၊ လက်ကမ်းစာ​စောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုတွတ် (ပြန်/ဆက်)