ပေါင် ဇူလိုင် ၉
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်နှင့် တာဝန်ရှိသူများက သဲကုန်းကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် အိမ်ထောင်စု (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ(၆၀၀,၀၀၀ိ/-) ကျပ်နှင့်လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇၅,၀၀ဝိ/-)ကျပ် စုစုပေါင်း ငွေကျပ် (၆၇၅,၀၀၀ိ/-)၊ အိမ်ထောင်စု(၃)စုစာ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ တန်ဖိုးငွေ (၄၇၅၇၂၄/-) ကျပ်အား မီးဘေးသင့်ပြည်သူများကိုယ်စား သဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ရွှေထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး