စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

စစ်ကိုင်း ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက ကိုင်းပညာရေးတက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အမှာစကားပြောကြားပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်အေးသက်သက်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား စိုက်ပျိုးမည့် သစ်ပင်ပျိုးပင်များကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်အေးသက်သက်ဝင်းက ကျေးဇူးတင်စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်အေးသက်သက်ဝင်းနှင့် ပါမောက္ခ၊ ဌာနမှူး များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက သစ်ပင် များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါမိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မဲဇလီ (၂၀၀)ပင်၊ ဒဟတ် (၁၀၀)ပင်၊ စိန်ပန်း (၁၀)ပင်၊ တမာ (၅၀)ပင်၊ ဖျောက်ဆိတ် (၃၀)ပင်၊ ရင်းမာ (၁၀)ပင်၊ ခရေ (၃)ပင်၊ စုစုပေါင်း (၄၀၃)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း စစ်ကိုင်းခရိုင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။

နေလင်းအောင်