ကျိုက်ထို ဇွန် ၂၆
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြိုနယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဇွန် ၂၅ ရက် နံနက် ၁၀ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)၌ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် Biographic& Biometric အချက်အလက်များကောက်ယူ၍ UID နံပါတ်များအား ကျောင်းသား၊ ကျောင်းသူ(၁၂၀)ဦးအား နေ့ချင်းပြီး ထုတ်ပေးဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာပေးခြင်းမှာ နိုင်ငံသားစိစစ်ရေးကတ်သည် မိမိတို့မိသားစု၏ဘဝအတွက်အရေးကြီးကြောင်း၊ သားစဉ်မြေးဆက်အသုံးပြုသွားရမည်ဖြစ် ကြောင်း မိမိတို့ပညာသင်ကြားရာနှင့် ပြည်တွင်း၊ ပြည်ပများ၌ အလုပ်လုပ်ကိုင်ရာတွင်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ဒါကြောင့် မပျောက်မပျက်အောင် ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်းတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူကပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ထုတ်ပေးခဲ့ကြောင်းသိရသည်။
ဝင်းမောင်(ကျိုက်ထို)