မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်တောရသာသနာရိပ်သာ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတမဟာထေရ်မြတ်၏ သက်တော် (၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဇွန် ၂၅

မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ညောင်ပင်ဆိပ်တောရ သာသနာရိပ်သာ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတမဟာ​ထေရ်မြတ်၏ အဂ္ဂမဟာဝိသိဋ္ဌဂုဏပူဇာနှင့် သက်တော်(၆၂)နှစ်ပြည့် မွေးနေ့ကုသိုလ်မင်္ဂလာပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ တပည့်ဒကာများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော် ဘဒ္ဒန္တဝိဿုတထံမှ သီလတရားတော်မြတ်နာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)