သံဖြူဇရပ် ဇွန် ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး ဟောပြောပွဲ/နံရံကပ် ပြပွဲကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က အောင်ဇေယျတိုးချဲ့(မူလွန်)ကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမော်က ကျောင်းသား/ ကျောင်းသူများမှ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ရှားကြစေရန် ရည်ရွယ်၍ ယနေ့အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များမှလည် မူးယစ်ဆေးအစ ဆေးလိပ်ကဆိုသလို ဆေးလိပ်ကိုတောင်မသုံးစွဲကြစေရေး၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းရင်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ မူးယစ်ဆေးဝါးကြောင့် မိမိတို့၏အနာဂတ် ရည်မှန်းချက်များ မဆုံးရှုံးရလေအောင် မူးယစ်ဆေးမသုံးကြစေရေး အသိပညာပေးဟောပြောသည်။
ထို့နောက် ပြသထားသည့် နံရံကပ်စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးနှင့် လက္ခဏာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများ ပြသထားရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းနှင့် ဦးစီးဌာနရုံးချုပ်မှ ထုတ်ဝေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)