မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မုဒုံမြို့နယ်ဘဏ်ခွဲ)မှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေးပေး

မုဒုံ ဇွန် ၂၅

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက နိုင်းပြိုင်၊ ကလော့သော့၊ ထုံမံ၊ ကော့ပီထော်ကျေးရွာများရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မုဒုံမြို့နယ်ဘဏ်ခွဲ)မှ ထုတ်ချေးပေးခဲ့သည်။

ထိုသို့ ထုတ်ချေးပေးရာတွင် မုဒုံမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးယဥ်ဋ္ဌေးက တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှုများနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အဆိုပါကျေးရွာများရှိ တောင်သူ ၁၂၅ ဦး၏ လယ်ဧက ၉၇၄ ဧကအတွက် စိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း (၁၄၆၁)သိန်းကို ထုတ်ချေးပေးခဲ့သည်။

မုဒုံမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ရပ်ကွက်/ကျေးရွာ(၄၂)အုပ်စုရှိ တောင်သူ(၂၇၆၁)ဦး၏ လယ်ဧက(၂၁၁၂၈)ဧကအတွက် ချေးငွေစုစုပေါင်း ၃၁၆၉၂ သိန်းကို ထုတ်ချေးပေးရန်လျာထားကြောင်းနှင့် ကျန်ရှိသည့်ရပ်ကွက်/ကျေးရွာများကို သတ်မှတ်ရပ်များတွင် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)