ဘီးလင်း ဇွန် ၂၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်းများအရ ကျောင်းအဆင့်သတ်မှတ်ရန် အကဲဖြတ်လမ်းညွှန်ချက်များ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ကျိုက်ထိုခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်က ကျောင်းအဆင့်သတ်မှတ်မှုမှတ်တမ်း (မြို့နယ်အဆင့်) အသိပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဘီးလင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မွန်က ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်း၊ ကျောင်းအဆင့်သတ်မှတ် အကဲဖြတ်အမှတ်ပေးပုံစံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျိုက်ထိုခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြမိုးက ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်းများအရ ကျောင်းအဆင့်သတ်မှတ်ချက် အကဲဖြတ်လမ်းညွှန်ချက်များ ရှင်းလင်းပွဲသို့ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅၀)ကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးနှင့် တာဝန်ခံဆရာ၊ ဆရာမ (၁၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)