ဘီးလင်း ဇွန် ၂၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို ဇွန် ၂၃ ရက်နေ့မှ စတင်ကာ ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ (၂၁၃၈)ဦးရှိရာ ယနေ့တွင် ပင်စင်လာရောက်ထုတ်ယူသူ (၂၈၆)ဦးရှိပြီး၊ ဇွန် ၂၇ ရက်နေ့အထိ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)