ရေး ဇွန် ၂၄
မွန်ပြည်နယ်၊ ရေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းထိုးနှံပေးခြင်းကို ဇွန် ၁၂ ရက်မှစတင်ခဲ့ရာ ယမန်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Pfizer ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးထက် ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူတစ်ဦးချင်းအချက်အလက်များ စာရင်းကောက်ယူ၍ Pfizer ကာကွယ်ဆေးကို ထပ်ဆောင်းထိုးနှံပေးခြင်းဖြစ်သည်။
ယင်းကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့်ရောဂါဖြစ်၍ ပြင်းထန်မှုနှင့် သေဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်ပြီး ရေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် Pfizer ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဇွန် ၂၃ ရက်နေ့ထိ ပြည်သူ ၄၅၂၄ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)