ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID နံပါတ်ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရေး ဇွန် ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဇီဝအချက်အလက်များ (Biometric Data ) ကောက်ယူ၍UID (Unique Identification Number) နံပါတ်ထုတ်ပေးခြင်းကို ဇွန် ၂၁ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒူးယားကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုကို ရေးမြို့နယ် တပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့်နှင့် ရေးခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းတို့က လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရေးခရိုင်ဦးစီးမှူး ဦးရည်သန့် ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကျေးရွာပြည်သူ ၁၀၀ ကျော် တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်‌ပေးခြင်းနှင့် ဇီဝအချက်အလက်များ ကောက်ယူ၍ UID နံပါတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)