တောင်ငူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် (abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

တောင်ငူ ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ ခ​​​ပေါင်းချောင်းရေကြီးရေလျှံမှု​ဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိ ကျေးရွာများသို့ ချောင်းရေဝင်ရောက်ခဲ့မှုကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရေတွင်း၊ ရေကန်၊ အိမ်သာများအား ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများကို ဇွန် ၂၂ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်၏ ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများက ချောင်းရေကျဆင်းသွားသည့် ကင်းဆိပ်ကျေးရွာအုပ်စုနှင့် ကန်တော်ပေါက်ကျေးရွာတို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေး ပိုးလောက်လန်းသေဆေး (abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)