သာယာဝတီ ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် နှစ်စဉ်မိုးတွင်းကာလ၌ ကြုံတွေ့နေရသည့် ရေကြီးရေလျှံဘေးမှ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မိုးတွင်းကာလ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်း တူးဖော်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေး ဝန်ထမ်းများသည် ရပ်ကွက်အတွင်း ရေမြောင်းများအတွင်းရှိ နှုံးများ၊ အမှိုက်များနှင့် မြက်ပင်များကို ဆယ်ယူရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် မြေတူးခြင်း၊ မြေညှိခြင်းလုပ်ငန်းများနှင့် မြောင်းဘောင်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်တွင်း သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် နေ့စဉ်အမှိုက် သိမ်းဆည်းရေးလုပ်ငန်းနှင့် မြို့သာယာလှပရေးလုပ်ငန်းများကိုလည်း အဖွဲ့များဖွဲ့၍ နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)