ပြည်မြို့ ‌(အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ပြည် ဇွန် ၂၁

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ (၁၈) ရက်နေ့ နံနက်ပိုင်းက ပြည်မြို့ ‌(အောင်ဆန်း) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အဆိုပါကျောင်းမှ ကျောင်းအုပ်ကြီးဆရာကြီးက ဟောပြောပွဲမှ အသိပညာဗဟုတ အကြောင်းများကို ဂရုတစိုက် လေ့လာမှတ်သားကြရန် ကျောင်းသား၊ ကျောင်းသူများအား မှာကြားသည်။ ဆက်လက်၍ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စာဖတ်ရှိန်မြှင့်တင်ရေးခေါင်းစဉ်ဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုး‌စေရန် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများ ဖတ်ရှုလေ့လာရေး အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ဝါဝါအောင်က တိုင်းရင်းဆေးအခေါ်အဝေါ်နှင့် ကျန်းမာရေး အထောက်အကူပြု တိုင်းရင်းဆေးပညာအကြောင်းကိုလည်းကောင်း၊ ပြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးမြတ်သီတာက စားသုံးသူအခွင့်အရေးများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းများကိုလည်းကောင်း အဆိုပါကျောင်းမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့်အား အသိပညာ‌ပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ‌ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နယ်လှစာကြည့်တိုက်သုံးဘီးယာဉ်မှ သုတ/ရသစာအုပ်‌ စာစောင်များ နှင့်  မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ အကြောင်းများပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)