တောင်ငူမြို့၊ ခပေါင်းချောင်း ရေကြီးရေလျှံမှုကြောင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများသို့ ချောင်းရေဝင်ရောက်လျက်ရှိ

တောင်ငူ မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယမန်နေ့ညနေပိုင်းက ခ​​​ပေါင်းချောင်းရေကြီးရေလျှံမှု​ဖြစ်ပေါ်ကာ မြေနိမ့်ပိုင်းရှိ ကျေးရွာများသို့ ချောင်းရေဝင်ရောက်လျက်ရှိသည်။

တောင်ငူမြို့၊ ခပေါင်းချောင်း ရေကြီးရေလျှံမှုကြောင့် မြေနိမ့်ပိုင်းရှိ စိန်ပန်းမြိုင်ကျေးရွာ၊ ကျွန်းတောကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ကင်းဆိပ်ကျေးရွာ၊ ဆင်ဆိပ်ကျေးရွာ၊ မန်ကျည်းပင်ကျေးရွာ၊ ဖိုးနီဆိတ်ကျေးရွာ၊ ပွတ်စုကျေးရွာ၊ ဆူးတက်ကျေးရွာ၊ ဇီးပင်သာ၊ ကုက္ကိုလ်ပင်စု၊ သျှားယားကုန်း၊ ရေချမ်းကျေးရွာများသို့ ချောင်းရေဝင်ရောက်လာမှုကြောင့် မြေနိမ့်ပိုင်းကျေးရွာနေပြည်သူများအား ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ပရဟိတအသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း၊ ယ​နေ့နံနက်ပိုင်းတွင် ခပေါင်းချောင်းရေဝင်ရောက်မှု ကျဆင်းလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)