ရွှေကျင် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် သောင်လယ်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်ပြည့်ဖြိုးက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆေးလိပ်/ကွမ်းယာ/အရက် သောက်သုံးခြင်းများ၏အန္တရာယ် ခေါင်းစဉ်များဖြင့်လည်းကောင်း ဟောပြောခဲ့သည်။
ဆက်လက်ပြီး ဒေါ်မို့မို့သွင်(ရုပ်သံ-၃)က စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးအကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်ဖြင့် အကျယ်တဝင့် ဟောပြောပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရေးအတွက် မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)