သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း ဇွန် ၂၀

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက အ.မ.က (ညောင်ကုန်း)ကျောင်းတွင် ဇွန်လ ၁၈ ရက်နေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင့်နန္နာဌေးက စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းတို့ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများအား စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူလေးများကို ကလေးစာဖတ်ခန်းဝန်ဆောင်မှုအဖြစ် ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက ပုံပြင်ပြောခြင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာ‌စောင်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ ခြင်အန္တရာယ်နှင့်သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)