လက်ပံတန်း၌ ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် ၄ လုံးအတွက် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေပေးအပ်

လက်ပံတန်း ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဇွန်လ ၁၄ ရက်‌နေ့က ရေတိုက်စား၍ ဧရာဝတီမြစ်ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် ၄ လုံးအတွက် ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကို လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ ‌စိန်တုံးကျေးရွာအုပ်စု၊ တလိုင်းစု‌ကျေးရွာအနီး ဧရာဝတီမြစ်အရှေ့ ဘက်ကမ်းတာတွင်‌ ရေတိုက်စား၍ ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် ၄ လုံးအတွက် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ ၄ဝဝ၀၀၀/ကျပ်၊ လူဦးရေ(၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၁ဝ၅၀၀၀/ ကျပ် စုစုပေါင်း ၅၀၅၀၀၀ ကျပ်ကို ပြောင်း‌ရွှေ့အိမ်ထောင်စုများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)