ဖြူး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ တပ်တွင်း အ.လ.က ကျောင်းခွဲရှိ ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆုပေးပွဲနှင့် ဟောပြောပွဲကို ဇွန် ၁၈ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောပြီး စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၀)ဦးက စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ အဖြေမှန်များအား ဖြေဆိုကြရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုလက်ဆောင်များ ချီးမြှင့်ပေးကြကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)