ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုအား ထောက်ပံ့ပေးအပ်

ဘိုကလေး ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြသိန်းတန်ကျေးရွာအုပ်စု၊ မြသိန်းတန်ကျေးရွာတွင် ဇွန်လ(၁)ရက်နေ့ ညနေ (၃)နာရီခွဲအချိန်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ရွာအလယ်တွင် ဆောက်လုပ်ထားသော ပိုင်ရှင်ဦးမြအေး၏ အလျား(၂၅)ပေ၊ အနံ(၁၃)ပေ၊ အမြင့် (၁၈)ပေရှိ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့သောကြောင့် ဇွန်လ(၁၀)ရက် ညနေ(၃)နာရီအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မို့မို့သွင်က လေဘေးသင့် အိမ်ထောင်စုဝင်၏ လက်ဝယ်အရောက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၀၀၀၀)ကျပ်၊ စုစုပေါင်းငွေ(၁၂၀၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းပုံး (၁)ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)