ငပုတောမြို့နယ်ကုန်မျိုးစုံအရောင်းဆိုင်များတွင်ထိုင်းဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသည့် Sprite အမှတ်တံဆိပ်ပါ အချိုရည်ဘူးများရောင်းချမှု ရှိ/မရှိ စစ်ဆေး

ငပုတော ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြို့မဈေးအတွင်းရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသည့် Sprite အမှတ်တံဆိပ်ပါ အချိုရည်ဘူးများရောင်းချမှု ရှိ/မရှိ စစ်ဆေးကို ယနေ့နံနက်ပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်စန်း၊ အကြီးတန်းစာရေး ဒေါ်ဇင်မေထက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်တာဝန်ရှိသူများက စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြထားသည့် Sprite အမှတ်တံဆိပ်ပါ အချိုရည်ဘူးများသည် ကျန်းမာရေးနှင့်မညီညွတ်သည့်အတွက် ရောင်းချရန်မသင့်ကြောင်း၊ မြန်မာဘာသာဖြင့် ဖော်ပြထားသည့် Sprite အချိုရည်များသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)