ဟင်္သာတမြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ  စားသုံးသူပြည်သူများအား ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး

ဟင်္သာတ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာသာတမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ ယနေ့နံနက် ၇ နာရီက အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ဟင်္သာတမြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံစားသောက်ကုန် ဆင်းသုခဆန်တစ်ပြည် ၂၀၀၀ ကျပ်၊ ကြက်ဥတစ်လုံး ၃၃၀ ကျပ်၊ ဆီ ငါးဆယ်ကျပ်သား ၃၅၀၀ ကျပ်နှုန်းတို့ဖြင့် ဆင်းသုခဆန် (၁၀အိတ်၊ ဆီ ၁၁၀ပိဿာ၊ ကြက်ဥ အလုံး (၁၀၀၀) ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများတို့က လိုက်လံကြည့်ရှု၍ စားသုံးသူများစျေးနှုန်းသက်သာစွာနှင့်အဆင်ပြေဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဟင်္သာတ ခရိုင် (ပြန်/ဆက်)