ကျုံပျော် ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျုံပျော်မြို့နယ် တောချောင်းကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရေကြည်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထူးနိုင်နှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူများ စုစုပေါင်း (၃၅၈)ဦး တက်ရောက်ခဲ့ကြပြီး၊ ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားကာ စိုက်ပျိုးရန် ပျိုးပင်များအား အသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျွန်း (၇၅)ပင်၊ ပျဉ်းကတိုး(၂၈၅ )ပင်၊ ကံ့ကော်(၅၀)ပင်၊ ခရေ(၄၀)ပင်၊ ရေတမာ ( ၃၀)ပင်နှင့် မန်ဂျန်ရှား ( ၂၀ )ပင်၊ စုစုပေါင်း ပျိုးပင်( ၅၀၀) အား တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)