စစ်ကိုင်း ဇွန် ၉
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန်အတွက် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၉ ရက် နံနက်ပိုင်းက ခါမင်းဝဲတောင်ကျောင်း၊ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လွင်မာအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးခင်ဇော်နှင့် တာဝန်ရှိသူများက လက်သုံးစက်
ပစ္စည်းကိရိယာများပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့ကြသည်။ အဆိုပါအခြေခံစက်ချုပ်နည်းပ ညာသင်တန်းကို (၁) လ ကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသူ (၁၅) ဦး တက်ရောက်ကြကြောင်း သိရသည်။
နေလင်းအောင် (ပြန်/ဆက်