ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၅၁၁၉ ဦး ပညာသင်ကြား

ကျွန်းလှ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ကျောင်းသား၊ ကျောင်းသူ ၅၁၁၉ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အခြေခံပညာကျောင်းပေါင်း (၂၀)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှစ်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်း၊ စုစုပေါင်း (၂၃) ကျောင်းရှိပြီး လက်ရှိအချိန်ထိ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၁၂၄) ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁၇၀) ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၈၂၅) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၁၁၉) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ