မင်းကင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော်ကျင်းပ

မင်းကင်း ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်(၇)နာရီအချိန်က သလဘာကျေးရွာအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်နှင့်အဖွဲ့ဝင်များထံ မြို့နယ်သစ်တောဦးစီးဌာန‌ တောအုပ်ဦးကျော်မင်းနိုင်နှင့်ဝန်ထမ်းများက ပျိုးပင်များအပ်ခဲ့ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက အသီးသီးလက်ခံရယူခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး ကျွန်း(၃၀၀)ပင်၊ ပျဉ်းကတိုး(၂၀၀)ပင် စုစုပေါင်း ပျိုးပင်(၅၀၀)တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)