ရေကြည် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်ကိုင်းချောင်ကျေးရွာ တောင်သူဦးအေးသောင်း ကွင်းအမှတ်(၄၄၈ A) ဦးပိုင်အမှတ်(၁၁၂/၃) ပိုက်ဆံလျော်သစ်စိမ်းမြေသြဇာ (၄)ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းမြေမြှုပ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက်(၉) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးနေလင်းနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကိုင်းချောင်ကျေးရွာ၊ ဆပ်ကွင်းကျေးရွာနှင့် ယိုးဒယားတက်ကျေးရွာတို့မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် လေမှနိုက်ထရိုဂျင်ဓာတ်ကိုစုပ်ယူပြီး အပင်ကြီးထွားဖြစ်ထွန်းမှုအတွက် အသုံးပြုနိုင်မည်ဖြစ်ကာ မြေဆီလွှာအား အဓိကအားဖြင့် နိုက်ထရိုဂျင်ဓာတ်ကို ဖြည့်တင်းပေးခြင်းဖြစ်သဖြင့် ဓာတ်မြေသြဇာ ကုန်ကျစရိတ်သက်သာပြီး၊ တောင်သူများ၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)