ဇလွန်မြို့တွင် အစိုးရပါဠိပထမပြန် စာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို ဆက်လက်ဖြေဆို

ဇလွန် ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လွန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ဒုတိယနေ့ ကစ္စည်းသဒ္ဒါကြီး ဘာသာရပ်ကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် မဟာအတုလ ဝေယံ ပြည်တော်ပြန် သာသနာ့ဗိမာန်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဇလွန်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကစ္စည်းသဒ္ဒါကြီးဘာသာရပ်ကို ဆက်လက် ဖြေဆိုရာတွင် ပထမကြီးတန်း ဖြေဆိုသံဃာ (၉) ပါး ၊ ပထမလတ်တန်း ဖြေဆိုသံဃာ (၁၆) ပါး၊ ပထမငယ်တန်း ဖြေဆိုသံဃာ (၃၉) ပါး၊ အခြေပြု မူလတန်းဖြေဆိုသံဃာ (၅၅)ပါး စုစုပေါင်း စာဖြေသံဃာ (၁၁၉)ပါး တို့ ဝင်ရောက်ဖြေဆိုကြပြီး ဇွန်လ ၁၀ ရက်နေ့အထိ  ပထမကြီးတန်း ၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း စာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ်စာမေးပွဲများကို ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ-ဇလွန်