မြန်အောင် ဇွန် ၅
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင် လာစေရန်အတွက် ရည်ရွယ်၍၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က မြန်အောင်ခရိုင် ၊မြန်အောင်မြို့နယ်၊ မြန်အောင်ရေနံမြေတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြား၍ ပျိုးပင်များပေးအပ်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြန်အောင်/ရွှေပြည်သာရေနံမြေ အထွေထွေမန်နေဂျာ ဦးစိုးသန်းနှင့်ရေနံမြေ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်သစ်တော ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးခိုင်-၂ နှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ ဆရာမများ၊၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀) ဦးတို့က ဒေသနှင့် ကိုက်ညီသည့် သစ်မျိုးများ၊ အဖိုးတန် သစ်မျိုးများ၊ ရာသီအလိုက် ဖူးပွင့်နိုင်သည့် အပင်များ၊ ကြီးမြန်သစ်မျိုးများ၊ အရိပ်ရသစ်မျိုးများဖြစ်သည့် ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ မန်ဂျန်ရှား စသည့်သစ်မျိုး (၁၁)မျိုး စုစုပေါင်း ၁၆၀၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဝင်းဗိုလ် (ပြန်/ဆက်)