ကြံခင်း ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြ ဧက(၁၀၀) စိုက်ခင်းတွင် ယမန်နေ့ နံနက် ၈ နာရီက နွေစပါးစံပြရိတ်သိမ်းပွဲ ပြုလုပ်ရာ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
အဆိုပါနွေစပါးစံပြရိတ်သိမ်းပွဲကို ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြဧက(၁၀၀)စိုက်ခင်း၊ တောင်သူ ဦးမင်းမင်းစိုး၏ လယ်မြေ ကွင်းအမှတ် ၅၉၊ ကွင်းအမည် ရွှေကျောင်း၊ ဦးပိုင်အမှတ် ၃၇၊ ဆင်းသုခ စပါး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်ကျော်၊ မြို့နယ်မြေစာရင်းဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ နွေစပါးစံပြစိုက်ခင်းမှ အစိုထွက် (၃၆) ဘူး၊ ခြောက်သွေ့ပြီးအလေးချိန်ပေါင် (၁၄.၂၉)၊ တစ်ဧကအထွက်နှုန်း ၁၀၀.၆၉ တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း