တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင် ပဲခူးမြို့ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား  သွားရောက်ကြည်ညို

ပဲခူး ဇွန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းစာမေးပွဲကို ဇွန်လ ရက်နေ့  မွန်းတည့် ၁၂ နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၊ မြင်းကျားဓမ္မာရုံနှင့် ဗုဒ္ဓအသံဓမ္မဗိမာန်၌ ကျင်းပပြုလုပ်ရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင် သွားရောက်ကြည်ညိုသည်။

ယနေ့ ပထမနေ့ ပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း(ဒွေမာတိကာ) တွင် ၁၆၅ ပါး၊ ပထမလတ်တန်း (ဒွေမာတိကာ) တွင် ၁၇၅ ပါး၊ ပထမငယ်တန်း(ဘိက္ခုပါတိမောက်)တွင်  ၃၂၈ ပါး၊ အခြေပြုမူလတန်းတွင်(ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ ဂဒီပနီ)တွင် ၄၉၇ ပါး စုစုပေါင်း  သံဃာတော်၊ သီလရှင် ၁၁၆၅ ပါး ဝင်ရောက်ဖြေဆိုတော်မူကြပြီး စာမေးပွဲသို့ မြို့နယ်ကြီးကြပ်ရေးသံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနဝန်ထမ်းများက စာဖြေသံဃာတော်များနှင် သီလရှင်များအား လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးလျက်ရှိကာ အဆိုပါ စာမေးပွဲကို ဇွန်လ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပြုလုပ်မည်​​ဖြစ်ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်