ရေတာရှည်မြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များအား ယာဉ်စည်း ကမ်း၊လမ်းစည်းကမ်းအသိပညာပေး ဆောင်ရွက်

ရေတာရှည် ဇွန် ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမှတ်(၃)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်း၊ မြို့တော်ခန်းမရှေ့၌ ယနေ့နံနက်ပိုင်းမှစတင်ကာ မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ်များအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လိုင်စင်မဲ့မော်တော်ယာဉ်များအား စစ်ဆေးဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊မြို့မရဲစခန်းမှရဲမှူးဌေးဝင်းအောင်နှင့် အဖွဲ့ဝင်များ၊၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများကို အသိ ပညာပေးဆောင်ရွက်ခြင်းများအား (၃)ရက်ကြာ လက်တွေ့ပြုလုပ် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)