ပဲခူး ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းသား/သူ (၈၉၀၉၃)ဦး ကျောင်းစတင်တက်ရောက်၍ ပညာသင်ကြားလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်ကြည့်ရှု့၍ စာသင်ကျောင်း၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိစေရန်နှင့် လိုအပ်သည်များကို မှာကြားကာ ကျောင်းဝန်းအတွင်း၊ အပြင် လုံခြုံမှုရှိစေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ကြသည်။
ပဲခူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၃၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၇)၊ ဘုန်းတော်ကြီးပညာရေးကျောင်း(၃၁)၊ စုစုပေါင်း(၂၈၅)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၉၀၉၃) ဦး ပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)