ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တွင် ငလျင်ကြောင့် ရပ်နားခဲ့သည့် စာမေးပွဲများအတွက်  အစားထိုးစာမေးပွဲများ ကျင်းပ

တောင်ငူ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တွင် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မတ်လတွင် ရပ်နားခဲ့သည့် စာမေးပွဲများအတွက် အစားထိုးစာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ စာမေးပွဲဖြေဆိုကျင်းပရာတွင် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) စာရင်းရှိ ကျောင်းသား(၁၈၃)ဦး၊ ကျောင်းသူ(၃၁၇)ဦး စုစုပေါင်း (၅၀၀)ဦးရှိရာ ဖြေဆိုသူ ကျောင်းသား(၁၈၂)ဦး၊ ကျောင်းသူ(၃၁၆)ဦး စုစုပေါင်း(၄၉၈)ဦးရှိပြီး ပျက်ကွက်သူ ကျောင်းသား(၁)ဦး၊ ကျောင်းသူ(၁)ဦး စုစုပေါင်း(၂)ဦးရှိကြောင်း သိရသည်။ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) ပညာရေးအဖွဲ့မှ လိုအပ်သည်များ ကူညီပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)