ဖြူး ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပို့ကုန်/သွင်းကုန်များ ဥပဒေနှင့်အညီထားရှိရောင်းချခြင်း ရှိ/မရှိ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁ ရက်နေ့မွန်းလွဲပိုင်းက ဖြူးမြို့ပေါ်ရှိ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်များသို့ လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချခြင်း ရှိ/မရှိ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးထိုက်လင်း ဦးဆောင်၍ ဖြူးမြို့နယ်ရဲစခန်းမှူး ဒုရဲမှူးအောင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် စျေးရပ်ကွက်၊ ပဲခူးလမ်းဘေးရှိ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်များသို့ လိုင်စင်မဲ့ဆိုင်ကယ်များရောင်းချခြင်း ရှိ/မရှိ ဝင်ရောက်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်ရောင်းချနေသူများအား လိုင်စင်မဲ့ဆိုင်ကယ်များ ရောင်းချခြင်းမပြုရန် မှာကြားခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)