သဲကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီးကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

သဲကုန်း ဇွန် ၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက် ၇ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်လျက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မှီကျောင်းအပ်နှံနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက်ကိုလည်း မြို့နယ်ပညာရေးမှူး၊ မိဘဆရာအသင်းများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ဆောင်ရွက်ပေးလျက်ရှိရာ သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်း(ခွဲ)ကျောင်း(၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၀)ကျောင်း၊ မူလတန်းကျောင်း(၁၆၀)ကျောင်း၊ မူလတန်း(ခွဲ)(၃)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၁၉၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်းတို့၌  KG တန်းမှ G-12 တန်းတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၄၈၄) ဦး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် (၁၆၅)ဦး လာရောက်အပ်နှံပြီးဖြစ်ရာ မေလ ၂၂ရက်မှ  ဇွန်လ ၁  ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခဲ့ပြီး KG တန်းမှ Grade-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများကို (အခမဲ့)ထုတ်ပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)