ကန့်ဘလူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်းပ

ကန့်ဘလူ ဇွန် ၃

ပြည်သူလူထုကြားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးတက်ပြန့်ပွားစေရေးအတွက် ရည်ရွယ်ကာ ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပန်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို အထက(ခွဲ)ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ဇွန် ၃ ရက်နံနက် ၁၀ နာရီက ကျင်ပသည်။

အဆိုပါပန်းချီပြိုင်ပွဲ အလယ်တန်းဆင့်နှင့်မူလတန်းဆင့် ပြိုင်ပွဲတွင် ကျောင်းပေါင်းစုံမှ လာရောက်ယှဥ်ပြိုင်ကြခြင်းဖြစ်ပြီး အလယ်တန်းဆင့်တွင် ကျောင်းသား ကျောင်းသူ ၁၉ ဦး၊ မူလတန်းဆင့်တွင် ကျောင်းသားကျောင်းသူ ၃၂ ဦးတို့ ယှဥ်ပြိုင်နေမှုကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံဦးညီးညီစိုးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းနှင့်ဆရာဆရာမများက ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းပြိုင်ပွဲ၌ ” ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညသ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး ” ခေါင်းစဥ်ဖြင့်ယှဥ်ပြိုင်ရပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဇွန် ၅ ရက်နေ့တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ဆုများချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)