ကန့်ဘလူ ဇွန် ၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းလုံး၌ အခြေခံပညာကျောင်းများ ယမန်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီဖြစ်ရာ ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများလည်း ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများလည်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏လမ်းညွှန်မှုဖြင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ယခုပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း ၆ ကျောင်း၊ အ.ထ.က(ခွဲ) ၄ ကျောင်း၊ အ.လ.က (၁၈) ကျောင်း၊ အ.လ.က(ခွဲ) ၇ ကျောင်း၊ မူလွန် ၁၀ ကျောင်း၊ အ.မ.က ၂၇ ကျောင်း၊ မူ(ခွဲ) ၃ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၇) ကျောင်း စုစုပေါင်း (၈၂) ကျောင်းဖွင့် လှစ်ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား (၇၅၈၇)၊ ကျောင်းသူ (၇၆၈၂) စုစုပေါင်း (၁၅၂၆၉) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအချက်အလက်များအရ သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)