လဟယ် ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ ၀င်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ နာဂဒေသ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးစိုင်းညီညီထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
အဆိုပါသင်တန်းတွင် စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စာရင်းရေးဆွဲနည်းနှင့်ထိန်းသိမ်းနည်းများ၊ ဈေးကွက်ရှာဖွေရေးဆိုင်ရာနည်းလမ်းများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များ ဘေးဉပါဒ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လိုက်နာရမည့်စည်းကမ်းများ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်နှင့် မူပိုင်ခွင့်နှင့်ကုန်ထုတ်လုပ်ငန်းများ၏ ၀င်ငွေဆိုင်ရာ များသိရှိနားလည်ပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီးအဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် စီမံကိန်းလုပ်ငန်းများေဆာင်ရွက်မည့် အကောင်အထည်ဖော်ရေးကော်မတီ၀င်များ၊ စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် အရာထမ်းအမှုထမ်းများ (၁၅) ဦးတက်ရောက်ကြပြီး အဆိုပါသင်တန်းမှာ (၂) ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)