မုံရွာ ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင် လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ စိစစ်ဖော်ထုတ်အရေးယူရေးအဖွဲ့ ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးတင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၉)နာရီက စတင်ပြီး မုံရွာမြို့နယ် ကျောက္ကာလမ်းပေါ်ရှိ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်များသို့ ရောက်ရှိပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့်လိုင်စင်၊ အခွန်ဆောင်ထားရှိမှု စသည့် သတ်မှတ်လုပ်ငန်းလိုင်စင်များ ရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် တရားမဝင်မော်တော်ဆိုင်ကယ်များ လုံးဝရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေးတို့ကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့သည်။
အဆိုပါခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးတင်အောင် ဦးဆောင်သော ဆက်စပ်ဌာနဆိုင်ရာ အဖွဲ့များပါဝင်သော လိုင်စင်မဲ့ မော်တော်ယာဉ်၊ ဆိုင်ကယ်များအား စိစစ် ဖော်ထုတ်အရေးယူသောအဖွဲ့သည် မုံရွာမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ၊ တရားမဝင် မော်တော်ဆိုင်ကယ်များကို နယ်စပ်ဒေသများမှ တရားမဝင်ခိုးသွင်းခြင်း၊ ယာဉ်လိုင်စင်အတု၊ နံပါတ်ပြားအတု ပြုလုပ်ခြင်း၊ မောင်းနှင်အသုံးပြုခြင်းများသည် နိုင်ငံတော် အခွန်ဘဏ္ဍာငွေ ဆုံးရှုံးစေသည့်အပြင် လုံခြုံရေးနှင့်တည်ငြိမ်ရေးကိုပါ အားနည်းချက် ဖြစ်ပေါ်စေသဖြင့် ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်လျက်ရှိပြီး လိုင်စင်မဲ့ မော်တော်ယာဉ်/ဆိုင်ကယ်များကို အသုံးပြု၍ အကြမ်းဖက်မှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများ၊ လက်နက်/ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် တရားမ၀င် ကုန်ပစ္စည်းသယ်ဆောင်မှုများအား ကျူးလွန်လျက်ရှိသဖြင့် လိုင်စင်မဲ့မော်တော်ယာဉ်/ဆိုင်ကယ်များ ထိရောက်စွာဖော်ထုတ် ဖမ်းဆီးအရေးယူခြင်းများ စဥ်ဆက်မပျက် အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေးစီမံချက်ချမှတ်၍ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခြင်း၊ မုံရွာမြို့နယ်အတွင်းရှိ ဆိုင်ကယ် Showroom အရောင်းဆိုင်များတွင် လိုင်စင်မဲ့ဆိုင်ကယ်များပါရှိခြင်း ရှိ/မရှိ အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)