ဟုမ္မလင်းမြို့၊ မြို့မစျေးတွင် “စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန်းပစ်ခြင်း” အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဟုမ္မလင်း ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြို့မစျေးအတွင် “စွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန်းပစ်ခြင်း”အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်တွင် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် တာဝန်ရှိ ဌာနဆိုင်ရာများက ပူးပေါင်း၍
စျေးရောင်း၊ စျေးဝယ်သူများ၊ လမ်းသွားလမ်းလား၊ ဒေသခံပြည်သူများအား အသိပညာဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)