ဘီးလင်း ဇွန် ၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က(ဘီးလင်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ကျောင်းဖွင့်ပြီ”သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျိုက်ထိုခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဘီးလင်းမြို့နယ် ပညာရေးမှူး ဦးဝင်းရှိန်က ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအထိမ်းအမှတ်အဖြစ် ကျောင်းသုံးစာအုပ်၊ ခဲတံ၊ ဘောပင်၊ ဗလာစာအုပ် ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးနေယုအောင်နှင့် စီမံအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အ-ထ-က (ကန်သာယာ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်းသီချင်း”သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)