ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ပေါင် မေ ၃၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ယခုရာသီသည် မိုးရာသီဖြစ်သည့်အတွက် သဘာဝဘေးများဖြစ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းအပြင်  မုန်းတိုင်းဘေး တွေကိုသတိထားပြီး ဂရုစိုက်နေထိုင်ကြပါရန်နှင့် သဘာဝဘေးနှင့်ပတ်သက်၍ ထူးခြားမှုဖြစ်လာပါက  အချိန်နှင့်တပြေးညီ  သတင်းပေးပို့ကြပါရန် ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြပါရန်၊ ရုံးလုပ်ငန်းအဖြင့် မိမိမြို့ရွာ ဖွံ့ဖြိုးတိုးတက်စေရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိလုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်ရန် အဖွဲ့ဝင် ဦးကျော်လင်းဦးက မိမိကျန်းမာရေးနှင့် ပြည်သူများ၏ ကျန်းမာရေးကိုဂရုစိုက်ကြပါရန် လိုအပ်ပါကြောင်းနှင့် အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးက အခုချိန်တွင် သန်းခေါင်စာရင်း မြေပြင်ကောက်ယူစစ်ဆေးနေသည့်အတွက် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက် ပေးကြပါရန်ပြောကြားဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)